Sunday, June 24, 2012

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း ဆူပူအကြမ်းဖက်သူများ ဖမ်းဆီးရရှိ


From : မြ၀တီ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ဂူတောင်ကျေးရွာ၊ ဦးကာကျေးရွာတို့မှ ဆူပူအကြမ်းဖက်သူအချို့သည် ဇွန် ၁၉ ရက် နံနက် ၇ နာရီခွဲခန့်က အနောက်ပြင်ကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ခြင်းကြောင့် လူနေတဲ ၃၀ လုံး မီးလောင်ဆုံးရှုံးပြီး ရွာသား ၃ ဦး သေဆုံး၍ ရွာသားအချို့ ဒဏ်ရာရရှိသည့် သတင်းအား ဇွန် ၂၀ ရက်နေ့ည ရုပ်မြင်သံကြားသတင်းနှင့် ၂၁ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ဖြစ်စဉ်၌ ဖော်ပြပါ သေဆုံးသူ သုံးဦးအပြင် ဂူတောင်ကျေးရွာမှ ရွာသားကိုးဦးမှာ ပျောက်ဆုံးလျက်ရှိသောကြောင့် ဆူပူအကြမ်းဖက်မှုကို မလိုလားသော ဒေသခံပြည်သူများက ထပ်မံသတင်းပေးမှု နယ်မြေခံတပ်ရင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းဖော်ထုတ်မှုကြောင့် ရွာသားကိုးဦး၏ အလောင်းများကို အနောက်ပြင်ကျေးရွာ အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ပြီး ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မိသားစုများမှ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့သည်။ ထိုသို့ အကြမ်းဖက်သတ်ဖြတ်မှုကို အုပ်စုဖွဲ့ကျူးလွန်ခဲ့သည့် အနောက်ပြင်ရွာသား ၂၂ ဦးအား ဇွန်လ ၂၁ ရက်နေ့တွင်လည်းကောင်း၊ ကျန် ၃၁ ဦးကို ဇွန် ၂၂ ရက်နေ့တွင်လည်းကောင်း တူမီးသေနတ် (၁) လက်အပါအဝင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိပြီး ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်လက်၍လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။ Myanmar Express

မနေ့ က သိသူများနဲ့  ယခင်က မကြားဖူးသူများ ပြသနာ


From : ခိုင်အောင်ကျော် ( နယူးယောက် )

မိဇျိမ္မသတင်းဋ္ဌါနရဲ့  ဆောင်းပါးတပုဒ်ကို ဖတ်ရပါတယ် ။
မြန်မာနိုင်ငံသား တဦးရဲ့  မိတ်ဆွေ ပေးစာ ဆိုပြီးတော့ ပေါ့ ။ သေသေချာချာ
ဖတ်လိုက်တော့ ပထမဦးစွာ ကျနော်ဖြေချင်တာက စာရေးသူဟာ မနေ့ က သိသောသူ
တယောက်အဖြစ် ဆောင်းပါးကို ရေးသားခြင်းပါဘဲ ။ ဒီတော့ လွဲပြီပေါ့ ။ ဒီကနေ
့ဖြစ်ပျက်နေတဲ့  ပြသနာပဋိပက္ခဟာ သမိုင်းနဲ့ ချီပြီး ရှိနေခဲ့ သော
ရာဇ၀င်သမိုင်းတွေကို လိမ်လည်ဖြေရှင်းနည်းနဲ့  ကြိုးးစားလာရာကနေ
ပေါ်ပေါက်လာတာဘဲဖြစ်ပါတယ် ။ ဒီတော့ခါ ဒီပြသနာမှာ ရခိုင်ရာဇ၀င်သမိုင်းနဲ့ 
မြန်မာနိုင်ငံသမိုင်းကို ကျနော်တို့  ဦးတည်ရပါလိမ့်မယ် ။ ရှေးဦးစွာ
ရခိုင်ရာဇ၀င်းသမိုင်းကို တင်ပြပါရစေ ။ ရာဇ၀င်သမိုင်းလို့ 
နာမည်တပ်ထားရတာက ရာဇာ-ရာဇ၀င် ဆိုတာဟာ ရှေးရခိုင်ဘုရင်မင်းများရဲ့ 
ထီးနန်းအုပ်စိုးချိန်တွေကို ဖေါ်ပြချင်လို့ ပါဘဲ ။ သမိုင်းနဲ့ ချီပြီး
ရှိနေခဲ့ သော ရခိုင်ရာဇ၀င်သမိုင်းတွေမှာ မာရယမင်းဆက်မှသည်
နောက်ဆုံးမြောက်ဦးဘုရင် မဟာသမ္မတရာဇါမင်းအထိ ရခိုင်လူမျိုးတွေ ရှိနေပါတယ်
။ မရှိတာကတော့ အခုပြောပြောနေတဲ့  သူတို့ အခေါ် ရိုဟင်ဂျာလူမျိုးလို
့ဆိုသော အဲဒီလူမျိုးတွေဟာ တလုံးတလေတပါဒမှ ပါဝင်ခဲ့ တာ မတွေ့ ရပါလား ။
ကျနော်ဟာ နိုင်ငံရေးသမားတယောက်ဖြစ်ပြီး စာပေရေးသားသူတဦးဖြစ်ပါတယ် ။
ဒါကြောင့် နိုင်ငံရေးနဲ့ ပါတ်သက်သောအမြင်များကို မြင်ပြီး
သမိုင်းကိုလေ့လာသူလဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ သမိုင်းသုတေသီ တဦးမဟုတ်တော့
သမိုင်းအမြင်နဲ့  စကားမပြောချင်ပါဘူး ။ နိုင်ငံရေးသမားအမြင်နဲ့ 
ပါတ်သက်လို့ ပြောရရင် တကယ်လို့  ရခိုင်ရာဇ၀င်သမိုင်းမှာ
အဲဒီလိုလူမျိုးကို မှတ်တမ်းမှတ်ရာနဲ့ သာ တလုံးတလေမျှ ရေးဖွဲ့ ထားခဲ့ ရင်
နိုင်ငံရေးအမြင်နဲ့  လက်ခံဖို့  အသင့်ရှိနေသူဖြစ်ပါတယ် ။ ခုတော့
ကကြီးခကွေး ဝေါဟာရနဲ့  တလုံးတလေတပါဒမျှ ရေးသားမှတ်တမ်းတင်ထားတာကို မတွေ
့ရတော့ ကျနော်တို့ အနေနဲ့  လက်ခံဖို့ ရာ ဘယ်လိုမှ မဖြစ်နိုင်ပါလား ။
သမိုင်းသုတေသီအမြင်တွေမှာ ဆိုရင်တော့လဲဘဲ သက္ကရာစ်
ခုနှစ်နဲ့  အတိအကျ မှတ်တမ်းမှတ်ရာ ရှိနေကြတဲ့ အခါမှာ ဘယ်လိုမှ
လက်ခံနိုင်စရာအကြောင်း ရှိကြမှာမဟုတ်ပါဘူး ။ သမိုင်းသုတေသီတွေရဲ့ 
လက်ထဲမှာ မြေအိုးမြေခွက်တွေ ၊ ငွေဒင်္ဂါးတွေ ၊ ပေစာတွေ ။ ကျောက်စာတွေ ။
ရတုရကန်တွေ ၊ ဘုရားအိုကျောင်းပျက်တွေ နဲ့  ဘာသာစကားတွေ ရှိနေပါတယ် ။
လွန်ခဲ့ တဲ့  နှစ်ပေါင်းထောင်နဲ့ ချီပြီး ရှိနေခဲ့ တဲ့ 
ရခိုင်လူမျိုးတွေရဲ့  သမိုင်းနဲ့  ပါတ်သက်သော သို့ မဟုတ် အတိတ်ကာလက
ရှိနေပြီးခဲ့ သော ရာစုနှစ်များရဲ့ ပြသနာတွေဟာ မျက်မှောက်ကာလမှာ တိတိကျကျ
ရှိနေဆဲပါဘဲ ။ ဒီလိုသမိုင်းအဆက်ဆက် ယဉ်ကျေးမှုအဆောက်အဦ ကြီးမားစွာ
ရှိနေခဲ့ ပြီးသော ရခိုင်ရာဇ၀င်သမိုင်းဟာ သက္ကရာစ် -၁၇၈၄-ခုနှစ်မှာ
မြန်မာနိုင်ငံရာဇ၀င်သမိုင်းနဲ့  ဆက်စပ်သွားပါတယ် ။ အဲဒီအချိန်ကာလမှနေပြီး
အင်္ဂလိပ်ခေတ်အထိ သမိုင်းတွေဟာ မှတ်တမ်းမှတ်ရာနဲ့  တိတိကျကျ ထင်ရှားစွာ
ရှိလာခဲ့ ပါတယ် ။ အဲဒီအ၈င်္လိပ်သမိုင်းမှာလဲဘဲ ဒီသူတို့ တွေ ပြောပြောနေတဲ့ 
ရိုဟင်ဂျာလို့  ခေါ်သော လူမျိုးကို အ၈င်္လိပ်အစိုးရက တလုံးမျှ
မှတ်တမ်းမှတ်ရာအဖြစ် ရေးသားခဲ့ ခြင်း မရှိခဲ့ ပါဘူး ။
ဒုတိယကမ္ဘာစစ်ဖြစ်လို့  မြန်မာနိုင်ငံလွပ်လွပ်ရေးရတော့
မဲ ဆဲဆဲ
ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံညီလာခံကို ခေါ်ယူရာမှာ ဒီလူမျိုးကလဲ
နာမည်တလုံးနဲ့  မပါခဲ့ ပါလား ။
ဗိုလ်ချုပ်အောင်ဆန်းတို့  ရေးဆွဲ တဲ့  မြန်မာနိုင်ငံဖွဲ
့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတို့ မှာလဲ
ဒီရခိုင်တိုင်းရင်းသားလူမျိုးနွယ်စုမှာ ထည့်သွင်းခဲ့ တာရှိတယ်လို့ 
ခုအချိန်ထိ သမိုင်းသုတေသီတွေက ထောက်ပြတာ မတွေ့ ဖူးဖူးပါဘူး ။
ကျနော်ပြောချင်တာက နိုင်ငံရေးသမားတဦးအနေနဲ့  လူ့ အခွင့်အရေးစံနုံးအရ (
၁၉၄၈ ခုနှစ် နောက်ပိုင်း ရောက်လာတဲ့  လူတွေ ) လူသားတယောက်အဖြစ်
လက်ခံနိုင်ပေမဲ့  သမိုင်းမှာ မရှိသော ဒီလိုလူမျိုးကို ဘယ်လိုမှ
တိုင်းရင်းသားလူမျိုးစုနွယ်များအဖြစ် လက်သင့်ခံလို့ 
ဖြစ်နိုင်မှာမဟုတ်ပါဘူး ။ အကယ်၍ ရှေးရခိုင်မင်းများအဆက်ဆက် မြန်မာဘုရင်
မင်းများအဆက်ဆက်မှာ အကိုးအကားနဲ့  စာပေမှတ်တမ်းများအဖြစ်
ကဗ္မည်းမော်ကွန်းထိုးထားတာများရှိရင် ခုအချိန်မှာ လက်သင့်မခံနိုင်စရာ
အကြောင်းမရှိပါဘူး ။ ခုတော့ မနေ့ မှ ရောက်လာသော ပုဂ္ဂိုလ်များကို
အိမ်ရှင်များဖြစ်သူက ဧည့်သည်မို့ လို့ ဧည့်သည်အဖြစ် ဆက်ဆံသတ်မှတ်ရတာကို
ဘာမှစိတ်ညစ်ညူးစရာ မလုပ်သင့်လို့ ထင်ပါတယ် ။ ခုတော့ စိတ်ညစ်ညူးစရာ
ဖြစ်သွားတဲ့ အပြင် အိမ်ရှင်များကို စော်ကား -နေအိမ်တွေကိုမီးရို့  -
ပဋိပက္ခတွေဖန်တီးတာတွေဟာ ပို၍တောင် ရုပ်ဆိုးစေသော လုပ်ရပ်များဖြစ်တယ်လို့ 
ထင်ပါတယ် ။
နိုင်ငံတနိုင်ငံမှာ တိုင်းရင်းသားလူမျိုးများအဖြစ်
အသိအမှတ်ပြုခြင်းနဲ့  ပြုလုပ်သူများဟာ နိုင်ငံတော်အာဏာကို ရယူထားတဲ့ 
အုပ်ချုပ်သူအစိုးရသာဖြစ်ပါတယ် ။ မြန်မာနိုင်ငံမှာ
တိုင်းရင်းသားလူမျိုးများကို လူဝင်မှုကြီးကြပ်ရေးဦးစီးဋ္ဌာနနဲ့ 
သန်ကောင်စာရင်းဋ္ဌါနတွေရဲ့  အကိုးအကား ပြုစုကောက်ယူခြင်းနဲ
့သတ်မှတ်ထားတာဘဲဖြစ်ပါတယ် ။ သက်ဆိုင်ရာပြည်နယ်များရဲ့  အကိုးအကား
အချက်အလက်များးကို သုတေသီတွေ ၊ စာရေးဆရာတွေနဲ့  ပြုစုသုံးသပ်ပြီး
ပြည်နယ်တခုချင်းရဲ့ လူမျိုးစုနွယ်များ အကြောင်းကို မှတ်တမ်းမှတ်ရာနဲ့ 
ပြုစုပြီးမှ အတည်ပြုသတ်မှတ်ထားကြတာပါ ။ ပြည်နယ်များစွာမှာ
တိုင်းရင်းသားလူမျိုးစုနွယ်များဟာ သူတို့  ရဲ့  ယဉ်ကျေးမှု ၊ သူတို့ ရဲ့ 
စာပေ ၊ သူတို့  ရဲ့  ဓလေ့ထုံးတမ်းစဉ်လာတွေကို
ထိမ်းသိမ်းစောင့်ရှောက်ထားကြပြီး သူတို့  ရဲ့  ယဉ်ကျေးမှု
ဓလေ့ထုံးတမ်းစဉ်လာ ချစ်စဖွယ်အလှအကများကို တနှစ်တကြိမ် ပြည်ထောင်စုနေ့ 
တိုင်းရင်းသားလူမျိုးများ ရိုးရာပဒေသာကပွဲမှာ ဖေါ်ပြတင်ဆက်ကြပါတယ် ။
ကျနော်ပြောချင်တာက တိုင်းရင်းသားလူမျိုးစုနွယ်များအဖြစ် သတ်မှတ်ကြရာမှာ
ရခိုင်သမိုင်းသုတေသီတွေ ၊ ရခိုင်စာရေးဆရာတွေ ၊ ရခိုင်နိုင်ငံရေးသမားတွေဟာ
ရခိုင်ပြည်နယ်အတွက် သာမညသာဖြစ်နေပြီး အဓိကတာဝန်အရှိဆုံးသူတွေဟာ
အစိုးရခေတ်အဆက်ဆက်ဘဲ ဖြစ်တယ်ဆိုပါဘဲ ။ ဒီတော့
တိုင်းရင်းသားလူမျိုးစုနွယ်အဖြစ် အစိုးရက လက်သင့်မခံဘူးဆိုရင် အစိုးရကို
တိုက်ခိုက်တော်လှန်ဖို့ ဘဲ လိုပါတယ် ။ အစိုးရဆီက အခွင့်အရေးရရှိဖို့ 
အကြမ်းဖက်နည်းနဲ့ ဖြစ်စေ အကြမ်းမဖက်နည်းနဲ့ ဖြစ်စေ
တောင်းဆိုတိုက်ပွဲဝင်သင့်ပါတယ် ။ သူသေကိုယ်သေ ချကြဖို့ လိုပါတယ် ။ အခုဟာက
ရခိုင်လူမျိုးတွေကို စော်ကားပြီး နေအိမ်တွေကို မီးရို့ တာတွေ
လူသတ်နေတာတွေဟာ လက်ခံစရာ တကွက်မှ မရှိတာပါဘဲ ။ တကယ်လို့ 
ရခိုင်လူမျိုးတွေ အားလုံး သေဆုံးလို့  ရိုဟင်ဂျာလို့ ခေါ်သောလူမျိုးကို
တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ် ပြုမယ်လို့ ထင်နေကြရင်
အမှားကြီးမှားလို့  အလွဲကြီး လွဲနေတာဘဲလို့  ပြောချင်ပါတယ် ။
ဘာကြောင့်ဆိုရင် အခုအချိန်မှာ မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ
ဗုဒ္ဒဘာသာ သာသနာကို ကယ်တင်လိုကြတဲ့  ဗုဒ္ဒဘာသာဝင်တွေ ဖြစ်နေလို့ ပါဘဲ ။
ကျနော်တို့ ဟ အမှန်တကယ် စိုးရိမ်သူများဖြစ်ကြပါတယ် ။
အနောက်ဖက်တံခါး ကျိုးပေါက်သွားပြီဆိုရင် မြန်မာနိုင်ငံဟာ တနေ့ မှာ
အစ္စလမ်မစ်နိုင်ငံဖြစ်မှာမို့ လို့  ဒီလိုမဖြစ်ရအောင်
ကြိုတင်ကာကွယ်ထားကြတာပါ ။ ဒီလိုကြိုတင်ကာကွယ်ခြင်းဟာ အမျိုးသားရေးကို
ကာကွယ်စောင့်ရှောက်ထားကြတာပါဘဲ ။ မိဇျိမ္မသတင်းဋ္ဌါနမှာပါတဲ့ 
ဆောင်းပါးရှင်က ရေးသားရာမှာ ရိုဟင်ဂျာလူမျိုးတွေကို
တိုင်းရင်းသားလူမျိုးများအဖြစ် လက်သင့်ခံရပါလိမ့်မယ် ။ တကယ်လို့ 
လက်သင့်မခံရင် သူတို့ တွေဟာ မွတ်ဆလင်နိုင်ငံများနဲ့  ပူးပေါင်းသွားပြီး
မြန်မာနိုင်ငံကို အစ္စလမ်မစ်နိုင်ငံအဖြစ် ပြုလုပ်သွားပါလိမ့်မယ်လို့ 
ဖွင့်ဟပြောဆိုထားတာ တွေ့ ရပါတယ် ။ ဒီတော့ခါ ကျနော်တို့ ရဲ့ 
စိုးရိမ်စိတ်များနဲ့  အခုဒီဆောင်းပါးရှင်ရဲ့  ဖေါ်ပြရေးသားချက်ဟာ
တထေရာတည်း တူညီနေတဲ့ အချက်ဖြစ်နေပါတယ် ။ ဒီတော့ ကျနော်တို့  ရဲ့ 
စိုးရိမ်စိတ်ဟာ ပို၍မှန်ကန်ခြင်းဖြစ်နေတာပါဘဲ ။ ဒီအမှန်တရားကို သူတို
့တွေကိုယ်တိုင်က တွက်ချက်ဖေါ်ပြပြီးသားဖြစ်ပါတယ် ။
ဆောင်းပါးရှင်ဟာ သူတွေ့ ဆုံနေရတဲ့  ဒုက္ခသည်စခမ်းဆီမှာ ရောက်နေတဲ့ 
သူတွေကို မနေ့ က တွေ့ လို့  မျက်ရည်လည်ပြီး ပြောဆိုနေတာကို ကြည့်ရင်း
ဆောင်းပါးရေးတဲ့ အဆင့်လောက်နဲ့  ရေးသားတင်ပြလိုက်တာပါ ။ ကျနော်တို့ က
သမိုင်းစာအုပ်ကို ခေါင်းခုပြီး အိပ်လို့  ကြီးပြင်းလာကြပြီး
နိုင်ငံရေးလုပ်လာတဲ့ သူတွေဖြစ်နေပါတယ် ။ သမိုင်းထဲမှာ ဝေါဟာရတလုံးတပါဒမျှ
မရှိခဲ့ တဲ့  သူတွေကို ကျနော်တို့ ဟာ -၁၉၈၈- နောက်ပိုင်းမှာ
ပြည်ပကအသံလွှင့်ဋ္ဌါနတွေ ၊ မီဒီယာတွေမှာ ကြားလာရ မြင်လာရပါတယ် ။
ဒီဋ္ဌါနတွေဟာလဲဘဲ မနေ့ က သိသူများသာဖြစ်နေတယ်ဆိုတာ ပြောလို့ ရပါတယ် ။ မနေ
့က သိသူများဟာ ကျနော်တို့ လို နှစ်ရှည်နှစ်များ သိသူနဲ့  ဘယ်လိုမှ
ထိထိမိမိ လုံလုံလောက်လောက် အကျိုးအကြောင်း သိကြမှာ မဟုတ်ပါဘူး ။ သို
့အတူဘဲ နိုင်ငံခြားသားဆောင်းပါးရှင်တွေဟာလဲဘဲ သတင်းအမှားတွေကို
လက်ခံပြီးတော့ အတည်ပြုချက်တွေ ယူရကောင်းမှန်း မသိဘဲ
ရေးသားထုတ်လွှင့်နေကြရတယ်လို့  သုံးသပ်မိပါတယ် ။ ကျနော်ပြောချင်တာက ဒီလို
မြန်မာနိုင်ငံရဲ့  တိုင်းရင်းသားလူမျိုးစုများနဲ့  ပတ်သက်လို့ 
မီဒီယာတွေ အထူးသဖြင့် နိုင်ငံခြားသား သတင်းသမားတွေက အစိုးရနဲ့ 
ထိပ်တိုက်တွေ့ ပြီး အတည်ပြုချက် ယူကြပြီးမှသာ ဒီလိုအကြောင်းအရာတွေကို
ရေးသားကြဖို့  လိုပါတယ် ။ အထူးသဖြင့် အစိုးရကလဲဘဲ
နိုင်ငံတကာသတင်းစာဆရာတွေ -ရခိုင်သမိုင်းသုတေသီတွေ -
မြန်မာသမိုင်းသုတေသီတွေ- နိုင်ငံခြားသား ရခိုင်သမိုင်းသုတေသီတွေကို
ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံရဲ့  တိုင်းရင်းသားလူမျိုးများ သမိုင်းဆိုင်ရာ
ညီလာခံ ကို ပြုလုပ်ကျင်းပလိုက်ဖို့ လိုအပ်တယ်လို့  မြင်ပါတယ် ။
အဲဒီညီလာခံက ဆုံးဖြတ်ချက်တွေကို အတည်ပြုပြီးတော့ အစိုးရကနေပြီး
ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာကို ကြေညာပေးဖို့ လိုအပ်ပါတယ် ။ ဒါမှသာ
ဒီပြသနာက ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ဦးတည်ရာကို
ဖြစ်ပေါ်သွားစေလိမ့်မည်လို့  ထင်မြင်ကြောင်းပါဗျာ ။။။။။။။။။။။။။

Myanmar Express

Saturday, June 23, 2012

တကယ့်တကယ် ပြည်သူတွေအတွက်လိုအပ်လာပီဆို ဘယ်သူတွေပြည်သူတွေရှေ့ကမားမားမတ်မတ်ရပ်တည်ပီး ဘယ်သူတွေ ခေါင်းရှောင်နေလဲဆိုတာဒီပုံတွေကိုကြည့်တာနဲ့သိနိုင်ပါတယ်


အခုဆိုရခိုင်ပြည်နယ်ရှိ ကျေးရွာများသို့ ကျနော် တို့တပ်မတော် အရာ၇ှိကြီးများကိုယ်တိုင်ဦးဆောင်ပီးရခိုင်ပြည်သူများကို အားပေးစကားပြောခြင်းလိုအပ်သည့်ကူအညီများ ကျန်းမာရေး ပညာရေး စားဝတ်နေထိုင်ရေးများစသည့် လိုအပ်သော အထောက်အပံ့များကူညီခြင်းများဖြင့် ရခိုင်ပြည်သူများစနစ်တကျလူနေမှုဘ၀ပြန်လည်ရရှိစေရေးအတွက် ဆောင်ရွက်လျှက်၇ှိပါတယ် ကျနော် တို့မြန်မာဆိုတာ ဒုက္ခရောက်နေတဲ့သူကို လစ်လှူရှုတဲ့စိတ်မ၇ှိကြပါဘူး ဒုက္ခရောက်နေတဲ့သူကို အားပေးကူညီတဲ့စိတ်ဟာ ကျနော်တို့ရဲ့ မွေးရာပါ ဇာတိ  သမိုင်းပေးတာဝန်ပါ ကျနော်တို့တပ်မတော်ဟာ ဘယ်လိုအခြေအနေမျိုါး်မှာဘဲဖြစ်ဖြစ် တိုင်းပြည်နဲ့လူမျိုးအတွက်ဆို ရှေ့ဆုံးကဘဲရပ်တည်ဖြေရှင်းခဲ့ပါတယ် ကျနော်တို့၇ဲ့ဆောင်ပုဒ်ဟာလဲဘဲ " ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော် အတွက် ငါ၏အသက်ကိုစွန့်လွှတ်ရန် အဓိဌာန် ပြုပါသည်”တဲ့....................
ကျနော်တို့နိုင်ငံမှာ ဒီလောက်ပြည်သူတွေ အခတ်အခဲတွေ ဒုက္ခတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ သူ့ပါတီရွေးကောက်ပွဲမ၀င်ခင်ကတော့ ပြည်သူတွေအတွက်ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ် ဆိုပီးပြည်သူတွေကို စကားတွေနဲ့ဖြားယောင်းပီးပါတီအနိုင်ရဖို့မဲဆွယ်ခဲ့တဲ့ ဒေါ်စုကြည် သူများနိုင်ငံကိုသွားပီးသူတယောက်မျက်နှာရဖို့အတွက် သူများနိုင်ငံမှာကျွန်ခံဖို့အတွက် သွားနိုင်သေးတယ် 
အဲလောက်လုပ်ပေးချင်တယ် ဆိုလဲ ခုဒုက္ခရောက်နေတဲ့ပြည်သူတွေဆီကိုသွားပီး ကိုယ်တိုင်မလုပ်ပေးနိုင်ရင်တောင် အားငယ်နေတဲ့သူတွေကို ပါးစပ်လေးနဲ့ဘဲဖြစ်ဖြစ် အားပေးဖို့ကောင်းပါတယ် ကျွန်လုပ်မဲ့အတူတူကိုယ့်နိုင်ငံကိုယ့်လူမျိုးဆီမှာဘဲလုပ်ပါလား ဒါကမှသိက္ခရှိသေးတယ် ဒေါ်စုရေ ခင်ဗျားကို ယုံပီးထောက်ခံခဲ့တဲ့ သူတွေအတွက်အရမ်းဝမ်းနည်းတယ် ဗျာ..
                                                                                                                                                       နေသူ၇ိန်

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး ဘူးသီးတောင်၊ မောင်တောနယ်မြေ အခြေအနေများ လှည့် လည်ကြည့်ရှုစစ်ဆေး


နယ်စပ်ရေးရာဝန်ကြီးဌာန နှင့် မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးသည် ယမန်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ်မြေအတွင်း ရှိ ဘူးသီးတောင်ကယ်ဆယ်ရေးစခန်းများ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ အောင်သပြေကျေးရွာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ယင်းသို့ စစ်ဆေးရာတွင် ဘူးသီးတောင်မြို့ အလက (၁)နှင့် ရွှေကျင် ဘုန်းတော်ကြီးကျောင်းတို့တွင် ဖွင့်လှစ်ထားရှိသော ကယ်ဆယ်ရေးစခန်း ၌ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာရှစ်ရွာမှ လူဦးရေ ၈၂၈ ဦး အားတွေ့ဆုံကာ အခြေအနေများကို မေးမြန်းစုံစမ်းပြီး ၎င်းတို့၏ သဘောထားများကိုမေးမြန်း၍ အားပေးစကားပြောကြားသည်။

ယင်းနောက် တာဝန်ရှိသူများအား လိုအပ်သော လုံခြုံရေးအစီအမံ များ ပိုမိုပြုလုပ်ပေးပြီး ၎င်းင်းတို့ ဆန္ဒရှိသည့်အချိန်တွင် သက်ဆိုင်ရာကျေးရွာ များသို့ ပြန်လည်အခြေပြုနေထိုင်ကာ မိမိတို့၏လုပ်ငန်းများ ပုံမှန်ပြန် လည်လုပ်ဆောင်နိုင်ရေး မှာကြားသည်။ ထို့နောက် လတ်တလော အဆင်ပြေစေရေးအတွက် ထောက်ပံ့ ငွေကျပ် သိန်း ၅ဝ ၊ ဆန်အိတ်(၂ဝ)၊ စားသုံးဆီပိဿာ(၅ဝ)၊ အဝတ်အထည်နှင့် စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ဂန္ဓမာစံပြကျေးရွာသို့ သွားရောက်၍ ကျေးရွာသူ၊ ကျေးရွာ သားများနေထိုင်စားသောက် လုပ်ကိုင် နေမှုများကိုတွေ့ဆုံမေးမြန်းပြီး ကျေးရွာ များထူထောင်ပေးရသည့် ရည်ရွယ် ချက်နှင့်လူနေမှုအဆင့်အတန်း ပိုမိုမြင့် မားလာစေရေးအတွက် ပိုမိုအားထုတ် ကြိုးပမ်းသွားရန်၊ ကျေးရွာမှ ပညာတတ် လူငယ်များ အလုပ်အကိုင်ရရှိရေးတို့ကို မှာကြားကာ ထောက်ပံ့ငွေများကို ပေး အပ်သည်။

ယင်းနောက် ပြည်ထောင် စုဝန်ကြီး နှင့်အဖွဲ့သည် ဘူးသီးတောင်မှ အောင် သပြေစံပြကျေးရွာသို့ထွက်ခွာပြီး နယ်စပ် ဒေသလူဝင်မှု စစ်ဆေးရေးကွပ်ကဲမှုဌာန ချုပ် အမှတ်(၁)နယ်မြေရုံး ဧည့်ခန်းမ ဆောင်၌ အောင်သပြေကျေးရွာနှင့် အနီး ပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် ရဲအောင်စံရဘွေ၊ ကာလာဒေဘက်၊ စံဇူရီ၊ ကြောင်နဘေ၊ ရွာသစ်ကေ၊ သုပဏ္ဏက ကျေးရွာ(၇) ရွာတို့မှ ရခိုင်၊ ဒိုင်းနက်၊ သက်၊ မြို့ တိုင်းရင်းသားများ၊ ဘင်္ဂါလီလူမျိုးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအားတွေ့ဆုံ၍ ဝေးလံပြီး လူသူ အရောက်အပေါက်နည်းသော နယ်မြေဒေသဖြစ်သော်လည်း သာယာ စိမ်းလန်းစိုပြည်ကာ သဘာဝအရင်း အမြစ်များ ပေါကြွယ်ဝသည်ကိုတွေ့ရ ပါကြောင်း၊ ပညာရေးဝန်ထမ်း ကျောင်း ဆရာများမှာလည်း ငယ်ရွယ်သန်စွမ်း သည်ကိုတွေ့ရပြီး အုပ်ချုပ်ရေးပိုင်းတွင် လည်း ငယ်ရွယ်သူများ ဦးဆောင်ထမ်း ရွက်နေသည်ကိုတွေ့ရှိရသဖြင့် ကျေနပ်
အားရပါကြောင်း၊ ၎င်းအပြင်ဒေသတွင်း ပြဿနာကြီးငယ်မရှိဘဲ နေထိုင်နိုင်၍ ဝမ်းမြောက်ကြောင်း၊ အေးချမ်းတည်ငြိမ် မှုကို ဆက်လက်ထိန်းသိမ်းပြီး လုပ်ကိုင် စရာရှိသည်များကို ပုံမှန်လုပ်ကိုင်သွား ကြရန် မှာကြားလိုကြောင်း၊ မတည် ငြိမ်မှုကြောင့် အခိျု့ဒေသများတွင် နိစ္စ ဓူဝ အသက်မွေးဝမ်းကျောင်းမှုများကို မလုပ်နိုင်ကြောင်း၊ တရားဥပဒေစိုးမိုး မှုအောက်တွင် အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နှင့် နေထိုင်သွားကြ ရန်လိုကြောင်း မှာကြားသည်။

ထို့နောက် ကျေးရွာကိုယ်စားလှယ် များ၊ ဝန်ထမ်းများ၏ သဘောထား အမြင်များကို ပြောကြားစေ၍ လိုအပ် ချက်များအား ရှင်းလင်းမှာကြားဆွေး နွေးခဲ့ပြီး အောင်သပြေစံပြကျေးရွာမှ စစ်တွေမြို့သို့ ပြန်လည်ရောက် ရှိသည်။ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးသည် စစ်တွေမြို့၌ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုနိုင်တို့နှင့် နယ်မြေ အခြေအနေတို့ကို တွေ့ဆုံဆွေးနွေးပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ စစ်တွေမြို့ တွင်းရှိ ပျက်စီးမှုအခြေအနေများနှင့် ကယ်ဆယ်ရေး စခန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိ သည်။

Myanmar Express

Friday, June 22, 2012

“ ရိုဟင်ဂျာ ” - မဟုတ် - “ ဘင်ဂါလီ ” “ ဘားမား ” - မဟုတ် - “ မြန်မာ ”



“ ရိုဟင်ဂျာ ”  -  မဟုတ်  -  “ ဘင်ဂါလီ ”
“ ဘားမား ”  -  မဟုတ်  -  “ မြန်မာ ”

          အခုတစ်လော နိုင်ငံခြားသတင်းမီဒီယာတွေ၊ အချို့သော ပြည်တွင်းမီဒီယာတွေနဲ့ အင်တာနက်ပေါ် က ဘလော့တွေမှာ ရိုဟင်ဂျာဆိုပြီး အသုံးအနှုန်းတွေကို တွေ့နေရပါတယ်။ မြန်မာပြည်မှာရှိတဲ့ လူမျိုးစုတွေ ထဲမှာ ရိုဟင်ဂျာဆိုတာ မပါပါဘူး။ အစိုးရအဆက်ဆက်နဲ့ ပြည်သူလူထုများက အသိအမှတ်မပြုခဲ့ကြပါ။ ဖိုးရှင်းတို့ အမျိုးလည်းမဟုတ်ပါ။ အဲဒါကို ဒီဘင်ဂါလီကုလားတွေကပဲ အခွင့်အရေး ရှိသယောင်ယောင် ပြည်ပသတင်းမီဒီယာတွေက ဘေးတီးပေးနေကြပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းဟာ စာရွက်ပေါ် မှာတောင် မဖော်ပြသင့်ဘူးလို့ ထင်တယ်။ နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြထားတာလုံးဝမတွေ့ရပါ။ နိုင်ငံတော်သမ္မတကြီး ပြောသွားတဲ့ မိန့်ခွန်းထဲမှာလည်း ရိုဟင်ဂျာဆိုတာ တစ်လုံးမှ မပါပါဘူး။ ဒီတော့ သမ္မတကြီးရဲ့ မိန့်ခွန်းအတိုင်းပဲ ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မသုံးဖို့လိုတယ်။ ဒီအသုံးအနှုန်းကို သုံးလိုက်မယ်ဆိုရင် သူတို့ကို အသိအမှတ်ပြုနေတယ်လို့ ထင်သွားစရာ ဖြစ်နိုင်တယ်။
          လက်ရှိ ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်က ဘင်ဂါလီကိစ္စဟာ မြန်မာပြည်မှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား အားလုံးရဲ့ အရေးကိစ္စလို့ပဲ ထင်တယ်။ ဒီဘင်ဂါလီတွေကို နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်း တွေကစိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုနေတာဟာ ဘင်ဂါလီတွေအတွက် အကွက် ဖြစ်နေတယ်။ ဒီဘင်ဂါလီတွေနဲ့ ပတ်သတ်လို့ ဖိုးရှင်းတို့ တစ်နိုင်ငံတည်းမှာ ပြဿနာရှိနေတာ မဟုတ်ပါဘူး။ မလေးရှားတို့၊ ထိုင်းတို့မှာလည်း ဘင်ဂါလီပြဿနာတွေ ဖြေရှင်းနေရတာပဲ။
          လက်ရှိအခြေအနေမှာတော့ စစ်တပ်အနေနဲ့လည်းအမိန့်နာခံပြီး တစ်ဆင့်ခြင်းဖြေရှင်းနေတာ တွေ့ရ တယ်။ ကပ်လျက် နိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သံဆူးကြိုးတွေနဲ့ အထပ်ထပ် ကာထားတာ လေ့လာခဲ့ဖူးတယ်။ အိန္ဒိယနယ်ခြားစောင့်တပ်များဟာ ဘယ်လိုအကြောင်းမျိုးနဲ့ပဲ ဖြစ်ဖြစ် အိန္ဒိယနိုင်ငံထဲဝင်လာတဲ့ ဘင်ဂါလီတွေကို အပြတ်ရှင်းတာပါပဲ။ ဖိုးရှင်းတို့နိုင်ငံက လူသားချင်းစာနာ ထောက်ထားလို့ လက်ခံထားတာကို အိမ်ပေါ်တက်ပြီး စော်ကားတဲ့ ဒီဘင်ဂါလီတွေကို အကြမ်းနည်းနဲ့ မဖြေရှင်းဘဲ အစိုးရရဲ့ ဦးဆောင်မှုနဲ့ တစ်မျိုးသားလုံးဝိုင်းပြီး ဖြေရှင်းရမယ်လို့ ပြောပါရစေ။

          နောက်တစ်ခုက အမေစု ILO မှာ ပြောခဲ့တဲ့ မိန့်ခွန်းနဲ့ ပတ်သတ်ပြီး ဘားမား ဆိုပြီး တော်တော် များများထည့်သုံးသွားတာ တွေ့ရတယ်။ အခုဆိုရင် အမေစုဟာ လွှတ်တော်ထဲမှာ တရားဝင် ပြောခွင့်၊ ဆိုခွင့်ရှိတဲ့ အမတ်တစ်ယောက်ဖြစ်နေပြီလေ။ နောက်ပြီး ဒီ ILO Governing Body သတင်းကြေငြာသူ အကုန်လုံးက မြန်မာ လို့ သုံးနှုန်းနေတာ အမေ မကြားလို့လား။ အခြေခံဥပဒေမှာ မြန်မာလို့ပဲပါတယ်။ ဗမာ နဲ့တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံချင်တာလား။ ဘာလို့မပြောင်းနိုင်တာလဲ။ ဒါကို ပြန်သုံးသပ်ဖို့ လိုတယ်လို့ ထင်တယ်။ အပေါ်ယံပဲကြည့်ကြည့်၊ သေချာပဲကြည့်ကြည့် အမေစုက ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်မခံတဲ့လူတစ်ယောက်ဖြစ်မယ်လို့ ခန့်မှန်းလို့ရပါတယ်။ လွှတ်တော်အမတ်တစ်ယောက်ဟာ ဥပဒေကို အထူးလေးစား လိုက်နာဖို့တော့လိုမယ်လို့ ဖိုးရှင်းထင်တယ်။ အမေစုနိုင်ငံခြားသွားတာနဲ့ ဒီမို သမားတွေရဲ့ ဘလော့တွေမှာ ပလူပျံနေအောင် အမေစုပုံတွေ တွေ့ရတော့တာပါပဲ။ တချို့ပုံတွေဆို တော်တော်လေးကို ရုပ်ပျက်ဆင်းပျက်နိုင်တယ်။ နိုင်ငံခြားသားကို ကိုးကွယ်တာ အရမ်းသိသာပါတယ်။ ဒါကြောင့်လည်း ဒီမိုတွေရဲ့ ဘလော့အတော်များများမှာ အမေစုကို ဝေဖန်တိုက်ခိုက်တဲ့ စကားလုံးတွေ ပေါ်လာတာပဲဖြစ်ပါတယ်။
          ဒါကြောင့် ကျွန်တော်တို့ ပြည်သူပြည်သားတွေအနေနဲ့ ရိုဟင်ဂျာလို့မသုံးပါနဲ့။ ဘင်ဂါလီလို့ပဲ သုံးပါလို့ တိုက်တွန်းပါရစေ။ အမေစုကိုလည်း ဘားမား လို့ပြောပြီး တိုင်းရင်းသားအချင်းချင်း သွေးမခွဲဖို့ ပြောလိုက်ပါရစေ . . . . . . . ။
         

ဖိုးရှင်း

Thursday, June 21, 2012

မွေးနေ့ရှင်မရှိဘဲ ကျင်းပခဲ့သော မွေးနေ့ပွဲမှ ခံစားချက် အချို့


မွေးနေ့ရှင်မရှိဘဲ ကျင်းပခဲ့သော မွေးနေ့ပွဲမှ ခံစားချက် အချို့
ရန်ကုန် ဇွန်၂၁
 
 
          ၂၀၁၂ ခုနှစ်၊ ဇွန်(၁၉)ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၇)နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်။ ဒီမွေးနေ့ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နာယကကြီးဦးတင်ဦးကနေ ဦးဆောင်ပြီးကျင်းပခဲ့တာဖြစ်ပါတယ်။ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နဲ့ အဖွဲ့ချုပ် ခြံဝင်းထဲမှာကျင်းပခဲ့တာဖြစ်ပေမယ့် မွေးနေ့ရှင်ကိုယ်တိုင် မရှိတဲ့အတွက် တက်ရောက်လာတဲ့သူတွေရဲ့ ရင်ထဲမှာတစ်ခုခုလိုအပ်နေသလိုလို ခံစားနေကြရပါတယ်။ မွေးနေ့ရှင်ဖြစ်တဲ့ အမေစုမရှိဘဲကျင်းပတာဟာ ဗမာ့ထုံးစံအရဆိုရင်တော့ ကွယ်လွန်သွားတဲ့သူတွေကို ရည်မှန်းပြီး ကျင်းပသလိုမျိုး ဖြစ်နေပါတယ်။
          သခင်ကိုယ်တော်မှိုင်းရဲ့ ဘယ်နှစ်နှစ်မြောက်မွေးနေ့တို့၊ ဆရာဇော်ဂျီရဲ့ရာပြည့်မွေးနေ့တို့ စသည်ဖြင့် တွေ့မြင်သိ ကြားဖူးထားတဲ့အခါကျတော့ အခု ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်မရှိဘဲ မွေးနေ့ပွဲကျင်းပနေတဲ့ အတွက် အတိတ် ကောင်း နိမိတ်ကောင်းဖြစ်မလာမှာကို စိုးရိမ်နေတဲ့သူတစ်ချို့လဲရှိနေပါတယ်။ အရာရာမှာသိမြင် တတ်ကျွမ်းနားလည်နေတဲ့ စစ်ပြန်ကြီးဘဘဦးတင်ဦးအနေနဲ့ သိရက်နဲ့တမင်လုပ်တာလား။ ဒါမှမဟုတ်… ဒေါ်အောင်ဆန်းစုကြည်ကိုပိုမိုနာမယ်ကျော်ကြားလူကြိုက်များအောင်လုပ်နေတာလားဆိုတာကတော့ ကာယကံရှင်ပဲ သိပါလိမ့်မယ်။
          ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းသမီးအနေနဲ့ လေးစားပါတယ်။ အားလဲကိုးပါတယ်။ ဒါပေမယ့် တစ်ခုသောစိုးရိမ်စိတ်တွေဖြစ်ပေါ်လာတာကနေ အခုဆိုရင် ဒေါ်စုရဲ့ စိတ်နေသဘော ထားတွေဟာ လယ်ပြင်မှာဆင်သွားသလို သိသာမြင်သာလာနေပါတယ်။ လွန်လေပြီးသော အကြောင်းတွေ ကိုထည့်မပြောတော့ပါဘူး။ အခုရက်ပိုင်းအတွင်းဖြစ်နေတဲ့ အနေအထားကိုပဲကောက်နှုတ် တင်ပြပါမယ်။ အမေစုနိုင်ငံခြားမသွားမီရက်ပိုင်း အလိုမှာ ပြည်တွင်းမှာ လူမျိုးရေးပဋိပက္ခတစ်ခုဖြစ်ပွားတယ်။ ဒီမီးဟာ ငြိမ်းသွား မလိုလိုနဲ့ တောက်လောင်လာတယ်။ ပြည်သူချစ်တဲ့ ခေါင်းဆောင်အနေနဲ့ အမေစု ရပ်တည်ပေးမသွားဘူး။
         
အမေစုခရီးစဉ်ကိုပဲ မပျက်မကွက်ထွက်သွားခဲ့တယ်။ အမေစုကိုယ်စား အမေရိကန်နဲ့ပြင်သစ်သံရုံးတွေက မူဆလင်ကုလားတွေကို ခေါ်တွေ့ပြီး အကူအညီပေးမဲ့ အကြောင်းပြောတယ်။ မြန်မာတိုင်းရင်းသား ရခိုင်တွေကိုတော့ ခေါ်ယူနှစ်သိမ့်ခြင်းမလုပ်ခဲ့ဘူး။ ဒါဟာ ဘာကိုပြသလဲဆိုရင် အမေစုအနေနဲ့ ဗြောင်ရပ်တည်ရမှာစိုးလို့ တဖက်လှည့်နဲ့ အမေရိကန်နဲ့ပြင်သစ်သံရုံးတွေကို ထောက်ပံ့ခိုင်းတာလို့မြင်ပါတယ်။ အခုလဲ အနောက်နိုင်ငံတွေမှာ လှည့်လည်ပြီး အပျော်ကြီး ပျော်နေတယ်။ သတင်းတွေမှာ ကြည့်ပြီးတော့ ကျွန်တော်တို့စိတ်ထဲမှာ တကယ်ပဲဝမ်းနည်းသလို ခံစားရပါတယ်။ အဲဒါက ဘာလဲဆိုတော့ အမေစုအနေနဲ့  မိမိနိုင်ငံသားတွေထက် အနောက်နိုင်ငံသားတွေအပေါ်မှာ ပိုမိုပြီး သံယောဇဉ်ရှိပါလား ဆိုတဲ့စိတ်က အမေစုရဲ့မျက်နှာမှာပေါ်နေပါတယ်။
          ဒါကြောင့်မို့ မွေးနေ့ရှင်မရှိဘဲ မွေးနေ့ပွဲကျင်းပနေတဲ့ ဘဘဦးတင်ဦး၊ဘဘဦးဝင်းတင်တို့ကိုလဲ တော်တော် လေးပဲ သနားစိတ်ဝင်လာမိပါတယ်။ မြန်မာပြည်သူလူထုက လွပ်လပ်ရေးရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်နေတာရယ်၊ ဖခင်လိုပဲ မျိုးချစ်စိတ်ရှိမယ် ထင်လို့ ရွေးချယ်ခဲ့ကြပေမဲ့ လက်တွေ့မှာတော့ မျှော်လင့်ချက်တွေ ဟာ အကောင်းဆုံး ဖြစ်လာပါ့မလားဆိုတဲ့ အတွေးတွေ ၀င်နေမိပါတော့တယ်။